Print

ဒူးရင်းသီးမှ ပေးစွမ်းသော ကျန်းမာရေး အကျိုးကျေးဇူးများ

  30-Oct-2016
Preview Image

ကြိုက်တဲ့သူတွေ အရမ်းကြိုက်ပြီး မကြိုက်တဲ့သူတွေ မုန်းကြတဲ့ အနံ့ခပ်ပြင်းပြင်း ဒူးရင်းသီးကို စားခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူး များကတော့အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁) ဒူးရင်းသီးဟာ အားအင်ကြွယ်ဝမူအတွက် အကောင်းဆုံးသော အစားအစာတစ်ခု ဖြစ်ပါတယ်။

(၂) ကျန်းမာရေး အတွက် နေ့စဉ်မှီဝဲပေးသင့်တဲ့ အစားအစာများထဲမှ တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

(၃) အရမ်းပိန်တဲ့ သူတွေ ဝချင်တယ်ဆိုရင် ဒူးရင်းသီးကို စားနိုင်ပါတယ်။ ဒူးရင်းသီးဟာ အာဟာရဓာတ်ကြွယ်ဝလို့ ခန္ဓာကိုယ် ဝဖြိုးလာအောင် ကူညီပေးနိုင်ပါတယ်။

(၄) vitamin C များစွာ ပေးစွမ်းတဲ့ အတွက် နာမကျန်းမာတွေ၊ အနာ၊ ရောဂါ ပျောက်ကင်းမူတွေ၊ ကိုလက်စရောဓာတ်လျော့ချမူ စတာတွေအတွက် များစွာကောင်းမွန်တဲ့ အသီးပါ။

(၅) နှလုံးနှင့် ပက်သက်တဲ့ ရောဂါတွေအတွက်လည်း ကောင်းမွန်စေပါတယ်။

(၆) သွေး၊ အရိုး၊ အသားအရေ အတွက် ကောင်းမွန်စေတဲ့ ဒူးရင်းသီးပါ။

(၇) ပိုတက်ဆီယံဒြပ် ကြွယ်ဝစွာပါဝင်လို့ သွေးဖိအားကို ထိန်းပေးနိုင်တယ်။ နေ့စဉ် နှလုံးခုန်မူတွေမှာလည်း၎င်းကများစွာ ကူညီပေးနိုင်တယ်။

(၈) အိပ်ပျော်စေပါတယ်။

Ref;

ကျန်းမာရေး, စားသောက်ဖွယ်, ဗဟုသုတ

ဖိုးသူတော် (www.phothutaw.com)

Credit: ကျော်လင်းနိုင် (ရိုးရာလေး)



Related Articles


Advertisment 18